ရေဖြူမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
298

ရေဖြူမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ပရဒတ်ကျေးရွာတွင် ဦးညီညီ(၄၀)နှစ်ခန့်သည် မေ ၁၀ ရက်နေ့လည် ၁ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးညီညီသည် နေအိမ်မှ၎င်းပိုင်ဆိုင်သည့် ခြံသို့သွားစဥ်လမ်း၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးညီညီတွင် ကျည်ထိမှန်ဒဏ်ရာမျစွာရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဦးညီညီ ပစ်သတ်ခံရတယ်ဆိုတာကို ရွာထဲကလူတွေပြောမှသိရတာ သေနတ်သံတွေကိုတော့ အချက်ရေများများကြားရတယ် သေသွားတယ်လို့သိရပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here