ထရမ့်အား တွစ်တာက ဘန်းထားခြင်းကို အီလွန်မတ်စ်ပယ်ဖျက်ပေးမည်

0
41
ထရမ့်အား တွစ်တာက ဘန်းထားခြင်းကို အီလွန်မတ်စ်ပယ်ဖျက်ပေးမည်

တွစ်တာကို ဝယ်ယူမှုအောင်မြင်ပါက ထရမ့်အား တွစ်တာက ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးမည်ဟု အီလွန်မတ်စ်ကပြောသည်။

Financial Times ကပြုလုပ်သည့် အနာဂတ်၏ကားများ တွေ့ဆုံပွဲတွင် အီလွန်မတ်စ်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

တွစ်တာက ထရမ့်၏ အကောင့်အား ပိတ်ပင်ထားခြင်းသည် ကျင့်ဝတ်အရလည်း မှားယွင်းပြီး မိုက်မဲမှုလည်းဖြစ်ကြောင်း သူကပြောသည်။

အီလွန်မတ်စ်သည် တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံဖြင့်ဝယ်ယူမည်ဖြစ်ပြီး၊ ဝယ်ယူမှုလုပ်ငန်းစဉ်မှာ နောက်ထပ် ၂လ ၃ လအထိ ကြန့်ကြာနေဦးမည်ဟုလည်း သူကပြောသည်။

တွစ်တာသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အကောင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပိတ်ခဲ့ခြင်းဖြစ်သည်။

Ref: Elon Musk would reverse Donald Trump’s Twitter ban 

 


LEAVE A REPLY

Please enter your comment!
Please enter your name here