ဒုတိယအသုတ်အနေဖြင့် MoU မြန်မာအလုပ်သမား၃၀၀ကျော် ယနေ့ထပ်မံဝင်ရောက်လာ

0
167

ဒုတိယအသုတ်အနေဖြင့် MoU မြန်မာအလုပ်သမား၃၀၀ကျော် ယနေ့ထပ်မံဝင်ရောက်လာ

ယနေ့မေလ၁၁ရက်တွင် MoU မြန်မာအလုပ်သမား ၃၀၁ ဦးသည် မြဝတီမှတဆင့် ထိာင်းနိုင်ငံမဲဆောက်နယ်စပ်စခန်းသို့ ထပ်မံရောက်ရှိလာသည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

မေလ၁၀ရက်ကစပြီး မြန်မာ-ထိုင်းတိုက်ရိုက်ချိတ်ဆက်မှုဖြင့် တရားဝင်စေလွှတ်လိုက်သော မြန်မာ MOUလုပ်သား ၂၈၈ဦးသည် ထိုင်းနိုင်ငံသို့ ပထမအသုတ်အနေဖြင့် စတင်ရောက်ရှိလာပြီးနောက် ယနေ့မေ၁၁ရက်တွင် ဒုတိယအသုတ်အနေဖြင့် MoU မြန်မာအလုပ်သမား၃၀၀ကျော် ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်ဟုသိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက မြန်မာအလုပ်သမားများအားကြိုဆိုကာ အခက်အခဲမရှိစေရေးကူညီပေးလျှက်ရှိနေသည်ဟုသိရသည်။

ဆက်လက်၍ မြန်မာအလုပ်သမားများအသုတ်လိုက်ထပ်မံစေလွှတ်ရန်ရှိနေကြောင်းလည်းသိရှိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here