ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲသစ် အား ရန်ကုန် နော်ဝေသံရုံးက စတင်မိတ်ဆက်ပေး

0
121

ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲသစ် အား ရန်ကုန် နော်ဝေသံရုံးက စတင်မိတ်ဆက်ပေး

မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးကို အသစ်ရောက်ရှိလာတဲ့ နော်ဝေသံရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲသစ် ကို သံရုံးဘက်က ဒီကနေ့မှာ မိတ်ဆက်ပေးလိုက်ပါတယ်။

ဘော့ဒ်ယယ်ဒါလို့အမည်ရသူဟာ ရန်ကုန် နော်ဝေသံရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲသစ် အဖြစ်တာဝန်ထမ်းဆောင်မှာပါ။

သူဟာ ဒီရာထူးမတိုင်ခင် အော်စလိုမြို့‌တော်က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အိန္ဒိယနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်၊ နယူးဒေလီမြို့က နော်ဝေနိုင်ငံသံရုံး နိုင်ငံရေးဌာနရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ဘော့ဒ်ဟာ တာလင်းမြို့၊ ရောမမြို့တွေက နော်ဝေနိုင်ငံသံရုံးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဌာနတွေမှာလည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်တယ်လို့သိရပါတယ်။

ဘော့ဒ်ဟာ ဒီနှစ် ဇန်နဝါရီလက ရန်ကုန်ကို စတင်ရောက်ရှိခဲ့ပြီး သံရုံးရဲ့ တန်ဖိုးထားရတဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး အလုပ်အတူတူ လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ မြန်မာပြည်ကို လည်ပတ်လေ့လာဖို့နဲ့ ပျူငှာကြိုဆိုကြတဲ့ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံဖို့ကိုလည်း မျှော်လင့်နေပါတယ်လို့ နော်ဝေသံရုံးကပြောဆိုပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here