ငြိမ်းချမ်းရေးအတွက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တက်ရောက်ရန်စာရင်းပေးသော အဖွဲ့များ၏ အဆင်ပြေမည့်အချိန်တွင် စတင်ဆွေးနွေးရန် ဦးစားပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

0
270

ငြိမ်းချမ်းရေးအတွက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တက်ရောက်ရန်စာရင်းပေးသော အဖွဲ့များ၏ အဆင်ပြေမည့်အချိန်တွင် စတင်ဆွေးနွေးရန် ဦးစားပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

နိုင်ငံတော်အစိုးရနှင့်တပ်မတော်က ငြိမ်းချမ်းရေးအတွက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲတက်ရောက်ရန်စာရင်းပေးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင်ပြေမည့်အချိန်တွင် စတင်ဆွေးနွေးရန် ဦးစားပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်မည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် သွားရန် ခိုင်ခိုင်မာမာ အာမခံထားကြောင်း၊ EAOများ၏ လိုလားချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက် အောင်မြင်ရန် အလေးထားဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

” ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့တွေ သူတို့အဆင်ပြေနိုင်တဲ့ အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးဆွေးနွေးသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ သို့သော် ဒီအဖွဲ့တွေရဲ့ အဖွဲ့တစ်ဖွဲ့ အတွင်းမှာလည်း မတူညီတဲ့အကြောင်းအရာတွေရှိတဲ့အတွက် ဆွေးနွေးပွဲကို ကျွန်တော်တို့က ဘယ်အချိန်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးတာထက် သူတို့ဆီကနေ တုံ့ပြန်ချက်တွေရလာတဲ့ အချိန်၊ ဒီအပေါ်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ဖှဲ့၊ လက်မှတ်မရေးထိုးထားသည့် အဖွဲ့ ၃ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ တက်ရောက်မည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှာ NCA လက်မှတ်ရေးထိုးပြီးသော DKBA၊ KNU – KNLA/PC ၊ PNLO ၊ NMSP ၊ ALP နှင့် RCSS(SSA) ၊ LDU အဖွဲ့တို့ဖြစ်ပြီး၊ လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့(၃)ဖွဲ့မှာ UWSA၊ NDAA၊ SSPP(SSA)အဖွဲ့တို့ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့က ဒီ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီးဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကလည်း ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲဒီ အပေါ်မှာတော့ သဘောထားအမြင်အမျိုးမျိုးရှိကြတာပေါ့။ ဒီလိုသဘောထားအမြင် အမျိုးမျိုးရှိ ကြတဲ့အထဲမှာ တချို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာပေါ့။ ကျွန်တော်ပြောချင်တာ ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး ပတ်သက်တဲ့သူဘယ်သူတွေရှိဦးမှာလဲ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူအားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ ဘယ်သူများရှိဦးမှာလဲ။ ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာ ထက် ဒီအချိန်ဟာအချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာထား ရှိတဲ့သဘောထား ပေါ်လွင်လာ တယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။”ဟု ထပ်မံပြောကြားသည်။

Photo – The Asian Age


LEAVE A REPLY

Please enter your comment!
Please enter your name here