ဝန်ကြီးချုပ်နုတ်ထွက်ပြီးနောက် သမ္မတ ကိုပါ ရာထူးမှနုတ်ထွက်ရန်သီရိလင်္ကာနိုင်ငံမှ ဆနွပြသူများက တောင်းဆိုနေ

0
170

ဝန်ကြီးချုပ်နုတ်ထွက်ပြီးနောက် သမ္မတ ကိုပါ ရာထူးမှနုတ်ထွက်ရန်သီရိလင်္ကာနိုင်ငံမှ ဆနွပြသူများက တောင်းဆိုနေ

မေလ ၁၀ ရက် အင်္ဂါနေ့တွင် သီရိလင်္ကာနိုင်ငံ၏ သမ္မတဖြစ်သူ မစ္စတာ Gotabaya Rajapaksa အားလည်း ဆန္ဒပြသူများက ရာထူးမှနှုတ်ထွက်ရန်တောင်းဆိုခဲ့ကြသည်။

မေလ ၉ရက်နေ့၊တနင်္လာနေ့က ဝန်ကြီးချုပ်ရာထူးမှ မစ္စတာ Mahinda Rajapaksa နှုတ်ထွက်‌ေပးခဲ့သော်လည်း ဆန္ဒပြပြည်သူများမှ ကျေနပ်ခြင်းမရှိပဲ Colombo မြို့ရှိ သမ္မတရုံးဝင်ပေါက်အား ဝန်းရံပိတ်ဆို့ကာ သမ္မတ Gotabaya Rajapaksa ကိုလည်း ၎င်း၏အစ်ကိုခြေရာနင်းကာ နှုတ်ထွက်ပေးရန် ဆက်လက်တောင်းဆို‌ေနခဲ့ကြခြင်းဖြစ်သည်။

ယမန်နေ့ မေလ ၉ ရက်နေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့သော ကာဖျူးကို ဆန့်ကျင်လျက် ရာနှင့်ချီသောဆန္ဒပြပြည်သူများသည် ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ပြီးသည့်တိုင် အစိုးရကိုဆန့်ကျင်သော ကြွေးကြော်သံများဖြင့် ဆက်လက်ကာ ဆန္ဒပြတောင်းဆိုနေခဲ့ကြသည်။

အစိုးရအဖွဲ့အားတိုင်းပြည်အား ယခုကဲ့သို့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း အခြေနေသို့‌ရောက်အောင် ဦးဆောင်ခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်အပြင်းအထန်ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။

သမ္မတရုံးသည် ရက်သတ္တပတ်အတော်ကြာ လူပေါင်းထောင်ချီ ဝိုင်းရံထားခြင်းခံခဲ့ရသော်လည်း ယမန်နေ့ တနင်္လာနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအပြီး ထုတ်ပြန်လိုက်သော တင်းကျပ်သည့် ကာဖျူးကြောင့် ဝိုင်းရံဆန္ဒပြတောင်းဆိုသူဦးရေရာဂဏန်းသို့ကျဆင်းသွားခဲ့သည်။

တနင်္လာနေ့ကဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း အစိုးရပါတီဝင် ဥပဒေပြုအမတ်အပါအဝင် အနည်းဆုံးခုနစ်ဦးခန့်သေဆုံးခဲ့ပြီး ၂၂၅ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြသည်။

Ref: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here