ပြည်တွင်း စက်သုံးဆီ လက်လီ/လက်ကားရောင်းချရန်စျေးနှုန်းများ သတ်မှတ်ပေး၊ ဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်

0
114

ပြည်တွင်း စက်သုံးဆီ လက်လီ/လက်ကားရောင်းချရန်စျေးနှုန်းများ သတ်မှတ်ပေး၊ ဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်

ပြည်တွင်း စက်သုံးဆီလက်လီ/လက်ကားရောင်းချရမည့်စျေးနှုန်းများကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ယနေ့ မေ၁၁ ရက်တွင် သတ်မှတ်ပေးထားပြီဖြစ်ကြောင်းသိရသည်။

ယင်းအတွက် စက်သုံးဆီဝယ်ယူသုံးစွဲသူ ပြည်သူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

ယနေ့ မေ ၁၁ရက် ၌ စက်သုံးဆီစျေးသတ်မှတ်မှုသည် ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လက်လီ/လက်ကားရောင်းချမှုစျေးနှုန်းများ မတူညီသည်ကိုတွေ့ရသည်။

ရန်ကုန်တွင် 92Ron တစ်လီတာလျှင် လက်လီ၂၀၁၅ကျပ်၊ လက်ကား တစ်လီတာလျှင် ၁၉၁၄ ကျပ်သတ်မှတ်ထားပြီး၊ မန္တလေးမြို့တွင် 92Ron တစ်လီတာလျှင် လက်လီ ၂၀၆၀ကျပ်၊ လက်ကား တစ်လီတာလျှင် ၁၉၈၆ ကျပ် သတ်မှတ်ထားသည်။

အလားတူ ရန်ကုန်တွင် 95 Ron တစ်လီတာလျှင် လက်လီစျေး ၂၀၆၅ကျပ်၊ လက်ကားစျေး ၁၉၆၅ကျပ် အဖြစ်လည်းကောင်း၊ မန္တလေးတွင် 95Ronတစ်လီတာလျှင် လက်လီစျေး ၂၁၁၅ကျပ်၊ လက်ကားစျေး ၂၀၃၈ကျပ်အဖြစ်လည်းကောင်း အသီးသီးသတ်မှတ်ထားသည်။

ထို့အပြင် အစိုးရရုံးနှင့် ဝန်ကြီးဌာနများအခြေစိုက်ရာ နေပြည်တော်တွင် 92 Ron တစ်လီတာလျှင် လက်လီစျေး ၂၀၅၅ကျပ်၊ 95Ron တစ်လီတာလျှင် ၂၁၁၀ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြသော ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဘားအံ၊ မော်လမြိုင်၊လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်၊ ဟားခါးနှင့်ကျိုင်းတုံ မြို့များအတွက်လည်း မြို့များအလိုက် စက်သုံးဆီရောင်းချမှုစျေးနှုန်းများသတ်မှတ်ထားပြီး၊ မြို့အလိုက် တစ်လီတာလျှင်ပျှမ်းမျှ ကျပ်၁၀၀အနည်းဆုံးမှ ကျပ်၃၀၀ အများဆုံးအထိ မြို့အလိုက် စျေးနှုန်းများ ကွာခြားလျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here