သန်လျင်မြို့နယ်တွင် ကားမောင်းလာသည့် အ မျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
147

သန်လျင်မြို့နယ်တွင် ကားမောင်းလာသည့် အ မျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊အောင်ချမ်းသာအနီးရှိ ကွန်ကရစ်လမ်း၌ မေ ၁၁ ရက်(ယနေ့)နံ နက် ၇ နာရီကျော်ခန့်က ကားမောင်းလာသည့် ဦးဇော်ထွန်း(ခ)ဦးငယ်(၄၅)နှစ်ခန့်သည် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု သန်လျင်မြို့နယ်နေသူများထံမှ သိရသည်။

ဦးဇော်ထွန်းသည် အောင်ချမ်းသာအနီးကွန်ကရစ်လမ်းအတိုင်း ကားမောင်းလာစဥ် အခြားကားတစ်စီးမှယှဥ်မောင်းလာပြီးနောက် ယင်းကားပေါ်ပါသူများမှ သေနတ်ဖြင့်အချက်ရေများစွာပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဇော်ထွန်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ မောင်းနှင်လာသည့် ကားအားမထိန်းနိုင်ဘဲ ဓာတ်တိုင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ကား ၂ စီးယှဥ်ပြီးအမြန်မောင်းလာကြတာတွေ့တယ် ပြီးတော့ကားတစ်စီးပေါ်ကလူတွေက သေ နတ်တွေနဲ့ဆက်တိုက်လိုက်ပစ်တာ ကျွန်တော်တို့နေရာနဲ့အတော်လှမ်းလှမ်းရောက်တော့ ပစ်ခံရတဲ့ကားက ဓာတ်တိုင်ကိုဝင်တိုက်သွားတယ် ကားမောင်းတဲ့လူကတော့ သေတယ် မသေဘူးမသိဘူးဗျ ဆေးရုံကားနဲ့ခေါ်သွားတာတော့တွေ့တယ် ဓာတ်တိုင်ကိုဝင်တိုက်မိတဲ့ကားကိုလည်း ချက်ခြင်းကြီးသွားမကူရဲဘူးဗျ ဘာ့ကြောင့်ပစ်ခံရတာလဲမသိဘူးလေ”ဟု မြို့နယ်နေသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက လမ်းတလျှောက်နှင့်လမ်းများတွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here