မြေပဲနှင့်နှမ်းအား ပြည်ပတင်ပို့ခွင့်ယာယီပိတ်

0
217

မြေပဲနှင့်နှမ်းအား ပြည်ပတင်ပို့ခွင့်ယာယီပိတ်

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းအား ယခုလမေလ ၉ ရက်နေ့ကစပြီး ပြည်ပတင်ပို့ခွင် ယာယီပိတ်လိုက်ကြောင်း နစကစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။

အဆိုပါအမည်များမှာ ပို့ကုန်တင်ပို့ခွင့်ပြုထားသော ပစ္စည်းဖြစ်ကာ ယခုမူရေလမ်း၊ကုန်လမ်းမည်သည့်လမ်းဖြင့်မဆို ပြည်ပတင်ပို့ခွင့်ရတော့မည်မဟုတ်ဟုလည်းသိရှိရသည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းနက်ကိုမူပြည်ပတင်ပို့ခွင့်ဆက်လက်ပြုထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

“စားသုံးဆီ ပြတ်တောက်မှာ စိုးလို့ ဆီထွက်သီးနှံတွေကို ပြည်ပ တင်ပို့ခွင့် ခဏ ရပ်တာ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူက ပြောသည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းအား ယခုလမေလ ၉ ရက်နေ့ကစပြီး ပြည်ပတင်ပို့ခွင် ပိတ်လိုက်ခြင်းသည် ယာယီ ရပ်ခြင်းသာဖြစ်ကြောင်းလည်း၄င်းကပြောသည်။

နိုင်ငံတိုင်းတွင် ပြည်တွင်းဖူလုံရေးအတွက်အလားတူဆောင်ရွက်ချက်များရှိကာ အင်ဒိုနီးရှားသည်လည်း ပြီးခဲ့သည့်ရက်သတ္တပါတ်အတွင်းကညပြည်ပသို့ဆီတင်ပို့ခြင်းအားကန့်သတ်ခြင်းများဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here