အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်

0
80

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်


အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်အတိုင်းပဲ မကြာမီကျင်းပမည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမည် ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်နက်ဒ် ပရိုက်စ် ၏ပြောကြားချက်အား အမေရိကန်သံရုံးက ယနေ့မေလ၁၁ရက်တွင် ထုတ်ပြန်အသိပေးသည်။

အာဆီယံ၏ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံသည့်အကြောင်းလည်း နက်ဒ် ပရိုက်စ် ကပြောဆိုသည်။

နစကသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည့်အပြင်အခြားသော ကိစ္စရပ်များကြောင့် အမေရိကန်ကအဆိုပါမူကို ဆက်လက်ကျင့်သုံးခြင်းဖြစ်သည်ဟုအကြောင်းပြချက်ပေးထားသည်ကိုတွေ့ရသည်။

ဤကာလအတွင်း အာဆီယံအထူးကိုယ်စားလှယ်အား မြန်ဆန်ထိရောက်သော ခရီးစဉ်တစ်ခုလာရောက်ခွင့်ပြုခြင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကိုယ်စားပြုသူများနှင့်တကွ သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံမှု အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးခြင်း အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နှင့် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖိအားပေးသည့် အာဆီယံ၏ ကြိုးပမ်းမှုကို မိမိတို့ ဆက်လက် အားပေးထောက်ခံသွားမည့်အကြောင်း၊ ယခုသီတင်းပတ်နှောင်းပိုင်းတွင် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်သို့ ဆိုက်ရောက်သည့်အခါ ဆွေးနွေးကြမည့် ခေါင်းစဉ်များထဲတွင် ယခုအကြောင်းအရာသည်လည်း တစ်ခုဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး အကူအညီပေးရန် မြန်မာနိုင်ငံ၏ အကြပ်အတည်းအတွက် တရားမျှတပြီး ထိရောက်သည့် ဖြေရှင်းမှုကို ရှာဖွေရာတွင် ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်းများပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်နက်ဒ် ပရိုက်စ် ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here