ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်သောအဖွဲ့များသည် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် သဘောထားသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

0
155

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်သောအဖွဲ့များသည် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် သဘောထားသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်သောအဖွဲ့များသည် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ်ထားရှိသော သဘောထားသာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် ပြည်သူလူထုနှင့်ဒေသခံပြည်သူများအပေါ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထားရှိသော သဘောထားများသာဖြစ်သည်ဟုလည်းမှတ်ချက်ပြုပြောကြားသည

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာ၌ ပါဝင်သင့်ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များထက် ပါဝင်သင့်ပါဝင်ထိုက်သူ မည်သူရှိနေသနည်းဟု ပြောကြားထားပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပုဂ္ဂိုလ်ရေးထက် ယခုအချိန်သည် အချိန်ကောင်းဖြစ်ကြောင်း ထပ်မံပြောကြားသည်။

” ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး ပတ်သက်တဲ့သူဘယ်သူတွေရှိဦးမှာလဲ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူအားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ ဘယ်သူများရှိဦးမှာလဲ။ ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာထက် ဒီအချိန်ဟာအချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့သဘောထားဖြစ်တယ်”ဟု ဆိုသည်။

လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ဖှဲ့ ၊ လက်မှတ်မရေးထိုးထားသည့် အဖွဲ့ ၃ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

တက်ရောက်မည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှာ NCA လက်မှတ်ရေးထိုးပြီးသော DKBA၊ KNU – KNLA/PC ၊ PNLO ၊ NMSP ၊ ALP နှင့် RCSS(SSA) ၊ LDU အဖွဲ့တို့ဖြစ်ပြီး၊ လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့(၃)ဖွဲ့မှာ UWSA၊ NDAA၊ SSPP(SSA)အဖွဲ့တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here