အုတ်ဖိုမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
126

အုတ်ဖိုမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်တွင် မေ ၁၁ ရက်ည ၆ နာရီကျော်ခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ရာအိမ်မှူးတစ်ဦးတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဦးခင်မောင်သန်းသည် ဝိုင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကာ ဦးအောင်မျိုးဇော်သည် တာဝါတိုင်ကျေးရွာ၏ ရာအိမ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးခင်မောင်သန်းနှင့်ဦးအောင်မျိုးဇော်တို့အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

“ဘယ်နေရာမှာပစ်ခံရတယ်ဆိုတာတော့ မသိဘူးဗျ ကြားရသလောက်ကတော့ လမ်းမှာပစ်ခံရတယ်လို့သိထားတယ် ၂ ယောက်လုံးသေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ် မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့အား ပဲခူး တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအ မှတ်-၃၈၀၂ ၏ တပ်ဖွဲ့-၄ မှပစ်သတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here