နိုင်ငံတကာကျောင်းများနှင့်ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ အခြေခံပညာကျောင်းများနှင့်ဝန်ကြီးဌာနမှခွင့်ပြုထား သောကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့လိုသူများ Placement Test ဖြေဆိုရမည်

0
204

နိုင်ငံတကာကျောင်းများနှင့်ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ အခြေခံပညာကျောင်းများနှင့်ဝန်ကြီးဌာနမှခွင့်ပြုထား သောကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့လိုသူများ Placement Test ဖြေဆိုရမည်

နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားနေသည့်(နိုင်ငံတ ကာကျောင်းများနှင့်ပြည်တွင်းပုဂ္ဂလိက)ကျောင်းများမှအခြေခံပညာကျောင်းများနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ကိုယ်ပိုင်ကျောင်းများတွင် ပြောင်းရွှေ့သင်ကြားလိုသူများအနေဖြင့် Placement Test ဖြေဆိုရမည်ဟု ပညာရေးဝန် ကြီးဌာန အခြေခံပညာဦးစီးဌာနမှထုတ်ပြန်ကြေ ညာခဲ့သည်။

ထိုသို့ ဖြေဆိုရန်လျှောက်လွှာများအား ခေါ်ယူလျက်ရှိကာ လျှောက်ထားသူများအနေဖြင့် သတ် မှတ်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

လျှောက်ထားရာတွင် အောင်မြင်ခဲ့သည့် Level အရ တက်ရောက်သင်ကြားလိုသည့်အတန်း၏ တစ်ဆင့်နိမ့်အတန်း Placement Test အားဖြေဆိုရမည်ဖြစ်သည်။

အလားတူ ဖြေဆိုရာတွင်လည်း ပညာရေးဝန်ကြီး ဌာနမှ အတန်းအလိုက်သတ်မှတ်ထားသည့် သင် ရိုးညွှန်းတမ်းများအတိုင်း ဘာသာရပ်များအား ဖြေဆိုရမည်ဖြစ်ကာ ဖြေဆိုလိုသည့်အတန်းနှင့်ကျောင်းမွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူများသည် တက်ရောက်ခဲ့သည့်ကျောင်းမှဖြေဆိုအောင်မြင်ပြီးခဲ့သည့် Level အတွက် ကျောင်းထောက်ခံချက်မူရင်း(သို့) အောင်လက်မှတ်မူရင်းအား ပူးတွဲတင်ပြရမည်ဖြစ်သည်။

မွေးသက္ကရာဇ်အားလျှောက်လွှာတင်သွင်းရာတွင် မွေးစာရင်း(သို့)အသက် ထောက်ခံချက်မူရင်းပြ ၍ မိတ္တူအား ပူးတွဲ၍ထည့်သွင်းပေးရမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Placement Test ဖြေဆိုခွင့်လျှောက်လွှာများအား တိုင်းနှင့်ပြည်နယ် ပညာရေးမှူးရုံးများ၌ ဧပြီ ၂၉ ရက်မှစတင်၍အခမဲ့ထုတ်ပေးခဲ့ပြီး မေ ၉ ရက်တွင် လျှောက်လွှာများအား(ရုံးချိန်)နောက် ဆုံးထား၍ ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည်။

Placement Test ဖြေဆိုမှုအား တိုင်းနှင့်ပြည်နယ်အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာမြို့များ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ဖြေဆိုရမည်ဖြစ်ကာ ဖြေဆိုရမည့်အစီအစဉ်နှင့်အသေးစိတ်အချက်အလက်များအား လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သည့် တိုင်းနှင့်ပြည်နယ်ပညာရေးမှူးရုံးများ၌ စုံစမ်း၍ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here