အခြေခံပညာကျောင်းများ၌ တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်ကျောင်းအပ်လက်ခံမည်

0
304

အခြေခံပညာကျောင်းများ၌ တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်ကျောင်းအပ်လက်ခံမည်

ပဘာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်သင် ကြားမည့် ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်၍ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန် ၁ ရက်မှစတင်ကာ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်ဆရာ၊ဆရာမများအားလုံးနှင့်အရာထမ်း၊အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက် ၁၅ ချက်ကိုလည်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

လိုက်နာရမည့်အချက်များတွင် မည်သည့်အခ ကြေးငွေမျှ ကောက်ခံခြင်း၊လက်ခံခြင်းမပြု၊ငွေ ကြေး၊လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြု၊အတန်းတံဆိပ်၊ကျောင်းတံဆိပ်နှင့်အ ခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုနှင့်အခြား အချက်အလက်များပါဝင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် စတင်ပြောင်းလဲသင်ကြားမည့် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်အတန်းများအတွက် ဆရာ၊ဆရာမများအား သင်ရိုးသစ်နှင့်ပတ်သက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

“ကျောင်းကတော့ မဖြစ်မနေအပ်မယ် တက်လည်းတက်ခိုင်းမယ် ကျွန်မတို့ကလေးတွေကိုပေးနိုင်တဲ့ ပညာအမွေကိုဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျောင်းတွေဖွင့်တယ်ဆိုရင်တော့ ဖြစ်အောင်ပေးသွားမှာပါ”ဟုကျောင်းသားမိဘတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here