အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် ဒုတိယအကြိမ်ထပ်မံလာရောက်မည်

0
190

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် ဒုတိယအကြိမ်ထပ်မံလာရောက်မည်

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် လာမည့်သီတင်းပတ်အတွင်း လာရောက်မည်ဟု မေ ၆ ရက်ကပြုလုပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲ၌ အတည်ပြုပြောကြားခဲ့သည်။

“လာမည့်သီတင်းပတ်အတွင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ဖို့ မျှော်လင့်တယ်”ဟု ဝန်ကြီးကပြောကြားခဲ့သည်။

ယခု အကြိမ်လာရောက်ခြင်းသည် မတ်လအ တွင်းလာရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး Prak Sokhonn ၏ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်ဖြစ်ကာ လာရောက်မည့်ရက်အား ထုတ်ပြန်ကြေ ညာခဲ့ခြင်းမရှိသေးကြောင်း သိရသည်။

“မြန်မာနိုင်ငံက ပြည်သူတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ကူအညီတွေရဖို့အတွက် ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုနောက်ထပ်ခြေလှမ်းတစ်လှမ်းကို လှမ်းနေပြီဖြစ်ပါတယ် အာဆီယံဥက္ကဋ္ဌ နိုင်ငံတစ်နိုင်ငံရဲ့ အထူးသံတမန်တစ်ဦးအနေနဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ မြန်မာပြည်သူပြည် သားများအပေါ် အမှန်တစ်ကယ်အကျိုးပြုလိမ့် မယ်လို့ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ရေးသားပြောဆိုခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here