မလေးရှားနိုင်ငံ၌ ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသားများ အမြန်ဆုံးပြန်နိုင်ရန်ညှိနှိုင်း

0
143

မလေးရှားနိုင်ငံ၌ ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသားများ အမြန်ဆုံးပြန်နိုင်ရန်ညှိနှိုင်း

မလေးရှားနိုင်ငံရှိ Malaka ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မေ ၁၂ ရက်(ယနေ့)တွင် မြန်မာသံရုံး၊ကွာလာလမ်ပူမှ သံအရာရှိနှင့်တာဝန်ရှိသူများက သွားရောက်တွေ့ ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံသားများအား အ ထောက်အထားပြည့်စုံခြင်းရှိ၊မရှိတို့ကို စစ်ဆေး ၍ အားပေးစကားများပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာသံအရာရှိနှင့်တာဝန်ရှိသူများက မလေးရှားနိုင်ငံ၏ တာဝန်ရှိသူများ၊ Malaka ထိန်း သိမ်းရေးစခန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံညှိ နှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိန်းသိမ်းခံထားရသည့် အထောက်အထားပြည့် စုံသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here