မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ကြရမယ်လို့ နစကဥက္ကဋ္ဌပြောကြား

0
83

မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ကြရမယ်လို့ နစကဥက္ကဋ္ဌပြောကြား

နိုင်ငံအရေးမှာ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပက ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်လို့ မေလ၁၂ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ နစကကောင်စီအစည်းအဝေး (၄/၂၀၂၂)မှာ နစကဥက္ကဋ္ဌကပြောကြားခဲ့တာပဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တခြားပြည်ပနိုင်ငံတွေကနေပြီးတော့ ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်မယ်”လို့ နစကဥက္ကဋ္ဌကပြောပါတယ်။

လက်ရှိမှာတော့ ကိုယ့်အားနဲ့ကိုယ်ပဲရအောင် ဆွေးနွေးပြီးတော့မှ သွားချင်တဲ့၊ ပြည်သူကနေသွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို မရောက်ရောက်အောင် ကျွန်တော်တို့ ချီတက်မယ်လို့လည်း ကောင်စီအဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေကိုထည့်သွင်းပြောကြားခဲ့တာလည်းတွေ့ရပါတယ်။

ငြိမ်းချမ်းရေးနဲ့ပါတ်သတ်ပြီးNCA လက်မှတ် ရေးထိုးပြီးတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးခြင်းမပြုသေးတဲ့ အဖွဲ့ ၃ ဖွဲ့ က လာရောက်မှာဖြစ်ပြီး ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထိရောက်တဲ့ အဖြေတစ်ခု ထွက်လာစေဖို့ လုပ်ဆောင်သွားမယ်လို့ပါ နစကဥက္ကဋ္ဌက ဂတိပြုခဲ့ပါတယ်။

“ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်”လို့ နစကဥက္ကဋ္ဌကဆက်လက်ပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here