ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်လ်နှင့် ဝန်ကြီးသုံးဦးကို တစ်ပေါင်းတည်း စွဲဆိုထားသောအမှု စွဲချက် အမိန့် တင်သင့်/မသင့် လျောက်လဲချက်ပေးမည်

0
124

ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်လ်နှင့် ဝန်ကြီးသုံးဦးကို တစ်ပေါင်းတည်း စွဲဆိုထားသောအမှု စွဲချက် အမိန့် တင်သင့်/မသင့် လျောက်လဲချက်ပေးမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်း၏စီးပွား ရေးအကြံပေးတစ်ဦးဖြစ်သူ မစ္စတာရှောင်တာနယ်လ်နှင့် ဝန်ကြီးသုံးဦးအပေါ် စွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)အမှုအတွက် စွဲချက်မိန့် တင်သင့်/မတင်သင့် လျောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူအချို့ထံမှသိရသည်။

အဆိုပါ စွဲချက်တင်သင့်/မတင်သင့် အမိန့်အတွက် လျောက်လဲချက်ကို လာမည့် မေ ၂၆ ရက်၌ အပတ်စဥ်ပုံမှန်ပြုလုပ်နေသည့် နေပြည်တော် ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးတွင် ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

ပြီးခဲ့သော မေ ၁၂ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် လာမည့် မေ ၂၆ ရက်ရုံးချိန်းတွင် စွဲချက်တင်သင့်/မတင်သင့်အတွက်လျောက်လဲသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအမှု၌ အမျိုးသားဒီမိုကရေစီအရပ်သားအစိုးရ လက်ထက်တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို တစ်ပေါင်းတည်းစွဲဆိုထားသည့်အမှုတစ်ခုဖြစ်ကြောင်းသိရသည်။

ယင်းအမှုမှာ မစ္စတာရှောင်တာနယ်လ် ၏ ကွန်ပျူတာနှင့် စာရွက်စာတမ်းများတွင် ရှာဖွေတွေ့ရှိသည့်အကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ စွဲဆိုထားသော အမှုဖြစ်သည်။

အဆိုပါအမှုအတွက် ပြစ်မှုထင်ရှားပေါ်ပေါက်ပါက အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရမည်ဟု ဥပဒေတွင် ပြဌာန်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here