ညောင်ဦးမြို့နယ်တွင် အဘွားအိုတစ်ဦးထမင်း ချက်ရာမှ မီးတောက်များ၍ နေအိမ်မီးလောင်မှုဖြစ်ပွား

0
193

ညောင်ဦးမြို့နယ်တွင် အဘွားအိုတစ်ဦးထမင်း ချက်ရာမှ မီးတောက်များ၍ နေအိမ်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊တောင်ဇင်းတိုက်နယ်အုပ်စု၊ကန်ကျဲကျေးရွာတွင် မေ ၁၂ ရက်ည နေ ၅ နာရီ ၅၆ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ကန်ကျဲကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ကျေးရွာနေသူ များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် ည ၆ နာရီ ၅ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အခြားအဆောက်အဦးနှင့်နေအိမ်များ၊ထိခိုက်ဒဏ်ရာရရှိသူများမရှိခဲ့ဘဲ ပေ ၃၀ ပေ ၂၀ ထန်းရွက်မိုး၊ထန်းရွက်ကာ မြေစိုက်နေအိမ်တစ်လုံးနှင့်မီးဖိုဆောင်တစ်လုံးတို့ မီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်ဖြစ်ပွားရခြင်းမှာ ယင်းနေအိမ်နေ အသက်(၈၀)ကျော်အရွယ်ရှိ အဘွားအိုတစ်ဦး ထမင်းချက်ရာမှမီးတောက်များကာ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here