AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

0
95

AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ အဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မေ ၁၂ ရက်နံနက် ၁၀ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး၏ နောက်ဆက်တွဲလုပ်ငန်းများ(အထူးသဖြင့်)လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာဆန်းစစ်ချက်နှင့်ရှေ့ပြေးစီမံကိန်းများဆောင်ရွက်မည့် နေရာဒေသများသတ်မှတ်ရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့အတူ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်း စစ်ချက်အဖွဲ့မှ လုပ်ငန်းတာဝန်များအား သတ် မှတ်ဒေသများ၌ လုံခြုံထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့်အာဆီယံလူသားချင်းစာနာထောက် ထားမှုအကူအညီများပေးအပ်ရေးအစီအစဉ်နှင့် ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေးမူဘောင်တို့အတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်း များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ဒု-ဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်း ပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်း တိုင်းနှင့်ပဲခူးတိုင်းတို့မှ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးများမှလည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here