မြန်အောင်မြို့ရှိ မြို့မရဲစခန်းနှင့်မြို့နယ်စည်ပင်ရုံးတို့၌ ဗုံးပေါက်ကွဲမှုများဖြစ်

0
211

မြန်အောင်မြို့ရှိ မြို့မရဲစခန်းနှင့်မြို့နယ်စည်ပင်ရုံးတို့၌ ဗုံးပေါက်ကွဲမှုများဖြစ်

ဧရာဝတီတိုင်း၊မြန်အောင်မြို့ရှိ မြန်အောင်မြို့မရဲစခန်းနှင့်မြို့နယ်စည်ပင်ရုံးတို့တွင် မေ ၁၃ ရက် (ယနေ့)နံနက်ပိုင်းက နာရီပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်အောင်မြို့မရဲစခန်းတွင် နံနက် ၅ နာရီကျော်ခန့်၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ထိ ခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ နံနက် ၆ နာရီခန့်တွင်လည်း မြန်အောင်မြို့ရှိ မြို့နယ်စည်ပင်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အဆောင်အဦးအနည်းငယ်ပျက်စီးခဲ့သည်ဟု သိရသည်။

“ရဲစခန်းမှာဗုံးပေါက်သံအကျယ်ကြီးတော့ကြားတယ် ဒဏ်ရာရတဲ့လူလည်းရှိတယ်လို့ သိထားရပါတယ် ဘယ်နှစ်လောက်လဲဆိုတာတော့ အတိအ ကျမသိပါဘူး စည်ပင်ရုံးဗုံးပေါက်တာမှာ ရုံးမဖွင့်သေးတဲ့အချိန်ဆိုတော့ ထိခိုက်မိတာမရှိပါဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာများအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး မြန်အောင်မြို့အ ဝင်/အထွက်များနှင့်လမ်းမများပေါ်တွင် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here