မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာ နိုင်ငံသား ၅၅ ဦးအား နေရပ်ပြန်ရန် မြန်မာသံရုံးမှကူညီ

0
200

မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာ နိုင်ငံသား ၅၅ ဦးအား နေရပ်ပြန်ရန် မြန်မာသံရုံးမှကူညီ

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများက မေ ၁၂ ရက်တွင် ကူညီပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများအနက် ၅၃ ဦးသည် မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်များကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများဖြစ်ကာ ကျန် ၂ ဦးသည် မလေးရှားနိုင်ငံ၌ ပြစ်မှုကျူး လွန်သဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ များဖြစ်ကြောင်း သိရသည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် မြန်မာ နိုင်ငံသား ၂ ဦးအား ပြစ်ဒဏ်ကာလမပြီးဆုံးခင်၌ မလေးရှားနိုင်ငံအစိုးရမှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာသံရုံး၊ကွာလာလမ်ပူမှတာဝန်ရှိသူများက မြန်မာနိုင်ငံသားများဟုတ်၊မဟုတ်အား စစ်ဆေး၍ မှန်ကန်မှုရှိသဖြင့် နေရပ်သို့ပြန်နိုင်ရန် ကူညီပေးခဲ့ကြသည်။

ယင်း မြန်မာနိုင်ငံသား ၅၅ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)၏ ကယ် ဆယ်ရေးလေယာဉ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here