Delivery ပို့သည့် ထိုင်းအမျိုးသားတစ်ဦး တံတားပေါ်မှခုန်ချအဆုံးစီရင်

0
57

Delivery ပို့သည့် ထိုင်းအမျိုးသားတစ်ဦး တံတားပေါ်မှခုန်ချအဆုံးစီရင်

အသက်သုံးဆယ့်တစ်နှစ်အရွယ်ရှိ Lalamove ကုမ္ပဏီမှ delivery ဝန်ထမ်း ထိုင်းလူမျိုးအမျိုးသားတစ်ဦးဖြစ်သူ Wicharn Pimthikor သည် မေလ ၁၁ ရက်နေ့က ဘူမိဘောတံတားမှခုန်ချကာမိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ယင်းသို့အဆုံးမစီရင်မီ ၎င်း၏ဆိုင်ကယ်အားတံတားပေါ်တွင်ရပ်ထားခဲ့ကြောင်းသိရပြီး ကျောက်ဖုရားမြစ်အတွင်းမှ၎င်း၏ရုပ်အလောင်းအားပြန်လည်ဆယ်ယူရရှိခဲ့သည်။

“ကျွန်တော့်တာဝန်ချိန် အလုပ်လုပ်နေတုန်း ရေထဲကိုတစ်ခုခုကျသွားသလို ဗွမ်းခနဲအသံတော့ကြားလိုက်တယ်၊ဒါကြောင့်တစ်‌ ယောက်ယောက်များလှေတွေဘာတွေပေါ်ကပြုတ်ကျတာလားဆိုပြီးအနီးအနားကိုလိုက်ကြည့်ကြည့်တော့ ရေပေါ်မှာပေါ်နေတဲ့ဖိနပ်တစ်ရံတော့တွေ့တယ်၊အဲ့ဒါကြောင့်ကယ်ဆယ်ရေးအသင်းကိုလှမ်းအကြောင်းကြားလိုက်တာပါ” ဟုဖယ်ရီမောင်းသူတစ်ဦးက၎င်း၏အတွေ့အကြုံအားပြန်လည်ပြောပြသည်။

“ကိုယ်တိုင်လည်း တက္ကစီမောင်းသူတစ်ဦးဖြစ်‌သောအဆုံးစီရင်သွားသူအမျိုးသား၏ဖခင်ကလည်း ၎င်း၏သားသည်စိတ်ကျရောဂါဝေဒနာကိုခံစားနေရသောကြောင့် Bang Rak ခရိုင်ရှိ Lerdsin ဆေးရုံတွင်ပြသနေရကြောင်းနှင့် ဇွန်လထဲတွင်ပြန်လည်ပြသရမည်ဖြစ်ကြောင်း” ထိုင်းရဲတပ်ဖွဲ့သို့ပြောဆိုသည်။

ဆေးရုံမှပြန်လည်ချိန်းဆိုလိုက်သောရက်စွဲမှာကြာသည်ဟုထင်သောကြောင့် ဖခင်ဖြစ်သူကိုယ်တိုင် သားဖြစ်သူအား Somdet Chao Phraya ဆေးရုံသို့ခေါ်လာစဉ် သားဖြစ်သူကထွက်ပြေးသွားပြီး အဆက်သွယ်မရ ရှာမတွေ့ကြောင်းကိုလည်းပြောပြလေသည်။

ဆိုင်ကယ်ထားရာနေရာသို့ ၎င်းပြန်ရောက်ချိန်တွင်သား၏ Helmet ဦးထုပ်အားတွေ့ရှိရသဖြင့် အခြားတစ်နေရာရာသို့သွားခြင်းဖြစ်မည်ဟုထင်နေစဉ် သား၏အလုပ်ရှင်ထံမှ သားဖြစ်သူတံတားပေါ်မှခုန်ချသွားသည်ဟူသော ဖုန်းကိုလက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောပြခဲ့သည်။

Source – Thethaiger


LEAVE A REPLY

Please enter your comment!
Please enter your name here