ပီတန်းအားကစားမယ် ခင်ချယ်ရီသက်မှ မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးပေးခဲ့

0
269

ပီတန်းအားကစားမယ် ခင်ချယ်ရီသက်မှ မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးပေးခဲ့

မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ရွှေတံဆိပ်ဆုအား ပီတန်းအားကစားနည်းမှ အားကစားမယ်ခင်ချယ်ရီသက်မှ ထပ်မံရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ပီတန်းအားက စားနည်းအား မေ ၁၃ ရက်(ယနေ့)တွင်စတင်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ရာအဖွင့်နေ့ပွဲစဥ်၌ပင် မြန်မာအားကစားမယ်ခင်ချယ်ရီသက်မှ Women’s Shooting ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လာအိုအားကစားမယ်အား ၄၄ မှတ် ၂၇ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ပီတန်းအားကစားသမား ဝင်းသူရိန်ထွန်းမှလည်း ယနေ့စတင်ယှဥ်ပြိုင်သည့် Men’s Shooting ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Photo-WESport


LEAVE A REPLY

Please enter your comment!
Please enter your name here