သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လေးရက်ကြာ ကျင်းပပြုလုပ်

0
201

သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လေးရက်ကြာ ကျင်းပပြုလုပ်

သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရည်ရွယ်ချက် သုံးချက်ဖြင့် မေလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ လေးရက်ကြာကျင်းပပြုလုပ်ခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါတွေ့ဆုံပွဲကို သျှမ်းပြည်အတွင်းရှိလူမျိုးစုများ သဘောတူလက်ခံနိုင်သော သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံ ရမည့်မူနှင့် ဖက်ဒရယ်မူ ရရှိလာနိုင်ရန်၊ သျှမ်းပြည်ကိုကိုယ်စားပြုနိုင်သော နိုင်ငံရေး စုပေါင်းဦးဆောင်မှု ဖွဲ့စည်းနိုင်ရန်၊ သျှမ်းပြည်အတွင်းရှိ လူမျိုးစုများသဘောတူလက်ခံသော အခြေခံမူနှင့် ဖက်ဒရယ်မူကို စုပေါင်း အကောင်အထည်ဖေါ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ယင်း ဆွေးနွေးပွဲသည် သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေး ဒုတိယအဆင့်ဖြစ်ပြီး၊ တတိယအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမတိုင်မီ သျှမ်းပြည်လူထုအသံကို ဖော်ထုတ်ခြင်းဖြစ်ပြီး နယ်ပယ်အသီးသီးရှိ လူပုဂ္ဂိုလ် ၁၁၃ ဦးတက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သျှမ်းပြည်ညီလာခံသည် သျှမ်းပြည်တွင်းပြဿနာများကို အဖြေရှာရန် ဆုံရပ်အဖြစ်သာမက သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်လုပ်ဆောင်သည့်အတွက် ရှေ့ဆက်လာမည့်ဆွေးနွေးပွဲအဆင့်များတွင် ပါဝင်နိုင်ရန် ညီလာခံဖြစ်မြောက်ရေးကော်မတီက နယ်ပယ်အရပ်ရပ်ရှိ အဖွဲ့အစည်းများကို ဖိတ်ခေါ် ထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here