လေးကေ့ကော်ဒေသနှင့်မြိုင်ကြီးငူဒေသတို့တွင် စစ်ပွဲကင်းမဲ့ဇုန်ဖြစ်စေချင်ကြောင်း မန်းအောင်ပြည်စိုး ပြော

0
185

လေးကေ့ကော်ဒေသနှင့်မြိုင်ကြီးငူဒေသတို့တွင် စစ်ပွဲကင်းမဲ့ဇုန်ဖြစ်စေချင်ကြောင်း မန်းအောင်ပြည်စိုး ပြော

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ ငြိမ်းချမ်းရေးမြို့တော်ဟုတင်စားခေါ်ထားသည့်လေးကေ့ကော်မြို့သစ်နှင့် မြိုင်ကြီးငူဒေသတို့တွင် စစ်ပွဲများကင်းမဲ့ဇုန်ဖြစ်စေချင်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးတို့တွေ့ဆုံစဥ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ငြိမ်းချမ်းရေးမြို့ကနေ ပူလောင်တဲ့ မြို့ဖြစ်သွားတာ မဖြစ်သင့်တဲ့ အကြောင်းဆွေးနွေးခဲ့တယ်။ မြိုင်ကြီးငူဒေသဆိုတာကလည်း မြိုင်ကြီးငူဆရာတော် ရှိထဲက ငြိမ်းချမ်းရေးအတွက် လုပ်လာတာ။ အခုဆရာတော်တောင် ပျံလွန်တော်မူသွားပြီ အခုထက်အထိ စစ်တွေက ရှိနေတုန်းဘဲဆိုတော့။ ဒါတွေဟာ စစ်မဖြစ်သင့်တဲ့ ဇုန်တွေလို့တော့ မြင်တယ်လေ။ ဒါကို ဆွေးနွေးကြတာပေါ့။ ဒါတွေဟာ အမှန်တရားဘဲ။”ဟု ဆိုသည်။

ယမန်နေ့ မေ ၁၂ ရက်က နေပြည်တော် အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို အစည်းအဝေးခန်းမတွင် တွေ့ဆုံရာ PRစနစ်ဖြစ်ရွေးကောက်ပွဲကျင်းပမည့်ကိစ္စများ၊ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကရင်ပြည်နယ်အတွင်းလက်နက်ကိုင်ပဋိပက္ခများလျော့ချရေး၊ တိုက်ပွဲရှောင်ဒေသခံပြည်သူလူထု၏ အခက်အခဲများဖြေရှင်းဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here