ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၉)ခုအားအရေးယူ

0
70

ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၉)ခုအားအရေးယူ

အရေးယူခံရသည့် ကုမ္ပဏီ၁၉ခုမှ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်းကြောင်း ဗဟိုဘဏ်ကမေ၁၂ရက်တွင် ကြေညာသည်။

ပြီးခဲ့သည့်ရက်ကမှ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခုအားအရေးယူပြီး ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်း ကြေညာပြီး ယခုဆက်လက်ကြေညာခြင်းဖြစ်သည်ဟုသိရငည်။

ယခုအရေးယူခံရသည့် ကုမ္ပဏီ၁၉ခုမှာ ၂၀၁၆ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁)ခု၊၂၀၁၇ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၃)ခုနှင့် ၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅)ခုတို့ဖြစ်သည်ဟုသိရသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ ဖြစ်သော “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ”ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက အဆိုပါဥပဒေပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းချက်များကိုလိုက်နာရမည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ဖြင့် ပြောကြားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here