မိမိအားဆန့်ကျင်ဆန္ဒပြခြင်းသည် ၎င်းတို့အား ပိုမိုထိခိုက်နစ်နာစေသည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မှ ဆန္ဒပြမြန်မာများအားပြောကြား

0
183

မိမိအားဆန့်ကျင်ဆန္ဒပြခြင်းသည် ၎င်းတို့အား ပိုမိုထိခိုက်နစ်နာစေသည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မှ ဆန္ဒပြမြန်မာများအားပြောကြား

ဝါရှင်တန်၊​မေ ၁၂

ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ့ငြိမ်းချမ်း​ရေးအတွက်အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါစကားပြောရန် စီစဉ်နေသည်ကို မြန်မာအချို့ကဆန္ဒပြဖို့ စီစဥ်​နေကြသည့်အ​ပေါ်သူက ၎င်းတို့၏တိုင်းပြည်အား၎င်းတို့ကိုယ်တိုင်ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသလိုဖြစ်​နေပြီဟု တုန့်ပြန်လိုက်သည်သည်။

အဆိုပါမှတ်ချက်အား အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ဟွန်ဆန်​ရောက်ရှိခိုက် အမေရိကန်နှင့်ကနေဒါရှိ ကမ္ဘောဒီးယားပြည်သူ ၂၀၀၀ ကျော်နှင့်တွေ့ဆုံစဉ်​ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏တပ်မတော်ကာကွယ်‌ ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံဥက္ကဌ ဖြစ်သည့်ဟွန်ဆန်အား အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ တွေ့ဆုံပြီးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုဖို့ တိုက်တွန်း​ပေးရန် မေတ္တာရပ်ခံတောင်းဆိုထားခဲ့သည်။

ထို့ကြောင့် မိမိအားဆန့်ကျင်ဆန္ဒပြနေသူမြန်မာပြည်သူများအား ယင်းသို့မပြုမူရန် မိမိအနေဖြင့်ပန်ကြားလိုကြောင်းပြောဆိုခဲ့သည်။

သို့မဟုတ်ပါက ၎င်းတို့သည်မိမိတို့၏တိုင်းပြည်ကိုမိမိဘာသာဖျက်ဆီးကာပြည်သူများအားသတ်ဖြတ်နေခြင်းမျိုးဖြစ်လိမ့်မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ငြိမ်ချမ်းရေးဆွေးနွေးရန်စီစဉ်ခဲ့​သော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သက်ဆိုင်သူအားလုံးပါဝင်နိုင်သည့်အချိန်မှသာတက်ရောက်နိုင်မည်ဟု​ပြောပြီး ငြင်းဆိုထားကြ​ကြောင်းလည်း ​​ပြောခဲ့သည်။

Source – KhmerTimes


LEAVE A REPLY

Please enter your comment!
Please enter your name here