မင်္ဂလာစျေးပြန်လည်တည်ဆောက်နေမှု ၄၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်

0
105

မင်္ဂလာစျေးပြန်လည်တည်ဆောက်နေမှု ၄၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာစျေးအား အ သစ်ပြန်လည်တည်ဆောက်နေမှုမှာ ၄၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မင်္ဂလာစျေးပြန်လည်တည်ဆောက်ခြင်းအား ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနနှင့်ဆန်းမြတ်ထွန်းကုမ္ပဏီတို့ ပူးပေါင်း၍တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်း ကိုက်ညီစွာပြီးစီးရန်နှင့်ဆိုင်ခန်းဖွဲစည်းနေရာချ ထားမှုများအား အဆင်ပြေချောမွေ့စေရန်တို့အား ဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ဆောက်လုပ်လျက်ရှိသည့် မင်္ဂလာစျေးသည် မြေပေါ် အမြင့် ၂၂၃ ပေရှိကာ မြေအောက် ၌ ၂ ထပ်ဆောက်လုပ်လျက်ရှိပြီး မြေပေါ် ၁၅ ထပ် RC ကွန်ကရိအဆောက်အဦးဖြစ်သည်။

ဆောက်လုပ်လျက်ရှိသည့် မင်္ဂလာစျေးတွင် ဘဏ်များ၊ City Mart ၊ ဆိုင်ခန်းများ၊ရုံးခန်းများနှင့်ကားရပ်နားရန်နေရာများ ပါဝင်မည်ဖြစ်ကာ ၅ ထပ်အ ထိတည်ဆောက်မည့် စီမံကိန်းပထမပိုင်းအား ၂၀၂၂ ခုနှစ်၊အောက်တိုဘာလနှင့်ကျန်လုပ်ငန်းစီမံကိန်းဒုတိယပိုင်းအား ၂၀၂၃ ခုနှစ်၊ဧပြီလတို့၌ ပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here