အသက်၁၃နှစ်အရွယ် မိန်းခလေးငယ်အား တရုတ်တွင်အလုပ်လုပ်ရမည်ဟုပြောပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူကို ထောင်၁၂နှစ်ချမှတ်

0
184

အသက်၁၃နှစ်အရွယ် မိန်းခလေးငယ်အား တရုတ်တွင်အလုပ်လုပ်ရမည်ဟုပြောပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူကို ထောင်၁၂နှစ်ချမှတ်

အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် မိုးညှင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နေ မ— ၁၃ နှစ်သည် ၂၀၁၈ ခုနှစ် မတ်လက၎င်းအလုပ်လုပ်ကိုင်နေသည့် လားရှိုးခေါက်ဆွဲ ဆိုင်သို့ မိခင်ဖြစ်သူ၏သူငယ်ချင်းဖြစ်သူ မမိုးသူ(ခ) သော်သော်ဦး အလယ်ကုန်းရပ်ကွက် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်နေသူ ရောက်ရှိလာပြီး ၎င်းနှင့်အတူ တရုတ်နိုင်ငံတွင် ဈေးရောင်းသည့်အလုပ် လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ်ငါးသိန်း ကျော်ခန့်ရရှိမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင် သွားကာ တရုတ်လူပွဲစားအမျိုးသမီး(အမည်မသိ)နှင့် ပူးပေါင်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှီတုန်းခရိုင် အဲ့တင်မြို့ ဆာထန်ခန်းကျေးရွာ အုပ်စု(၄)နေ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် မိုးကောင်းမြို့နယ် နမ္မတီး နယ်မြေရဲစခန်း(ပ)၁၃/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ ဖြင့် အမှုရေးဖွင့်၍ မိုးညှင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ တရားခံ မိုးသူ(ခ)သော်သော်ဦးကို မေ ၁၂ ရက်တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ အရ ထောင်ဒဏ် ( ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here