ကိုဗစ်(၁၉)ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကျန်းမာရေးစနစ်ခိုင်မာစေရေးစနစ်လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်မည်

0
233

ကိုဗစ်(၁၉)ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကျန်းမာရေးစနစ်ခိုင်မာစေရေးစနစ်လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်မည်

အင်ဒိုနီးရှားနိုင်ငံ၊ဘာလီမြို့၌ကျင်းပသည့် ၁၅ ကြိမ်မြောက်အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း တက်ရောက်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား အာဆီယံနိုင်ငံများအချင်းချင်း ချစ်ကြည်စည်းလုံးစွာဖြင့် အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများမှ ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ကာကွယ်ဆေးများ လှူဒါန်းမှုများအတွက် ကျေးဇူးတင်သည်ဟုပြောသည်။

ထို့ကြောင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများနှင့်ပါပူးပေါင်း၍ ကိုဗစ်(၁၉)ရောဂါတုံ့ပြန်မှုများအား ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဟုပြောသည်။

“ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတွေကို အရှေ့ တောင်အာရှဒေသမှာ ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းဖြစ်တဲ့ ASEAN Vaccine Security and Self Reliance(AVSSR)နဲ့ ကပ်ရောဂါတုံ့ပြန်ရေးအတွက် ကိုဗစ်(၁၉)ရောဂါစမ်းသပ်စစ်ဆေးနိုင်ရေး test kits တွေ personal protective equipment တွေ လိုအပ်တဲ့ဆေးတွေဝယ်ယူနိုင်ဖို့ ကာကွယ်ဆေးနဲ့ဆေးဝါးတွေထုတ် လုပ်နိုင်ဖို့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက်ရည်ရွယ်တဲ့ COVID-19 ASEAN Response Fund တွေကိုဒေသတွင်းနိုင်ငံတွေ ပူး ပေါင်းလုပ်ဆောင်ကြတာကို မြန်မာနိုင်ငံအနေနဲ့ကြိုဆိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ကပ်ရောဂါတုံ့ပြန်ရာတွင် ကျွမ်းကျင်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များမှာ အ ရေးပါ၍ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ပေးခြင်း၊လုံလောက်သည့်ထောက်ပံ့ခြင်းများအား အလေးထားလုပ်ဆောင်သင့်သည်ဟု ပြည် ထောင်စုဝန်ကြီးမှအကြံပြုပြောကြားခဲ့သည်။

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် အာဆီယံနိုင်ငံအသီးသီးတွင် နောက်ဆက်တွဲအကျိုးသက် ရောက်မှုများရှိ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကာ နောင်လာမည့်ကပ်ရောဂါများအတွက် ကျန်းမာရေးစနစ်ခိုင်မာစွာပြင်ဆင်ထားရန်အရေးကြီးသည်ဟုပြောသည်။

“အထူးသဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုတွေ လစ်ဟင်းပြတ်တောက်မှုမရှိစေဘဲ စောင့် ရှောက်ကုသမှုတွေပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့ အာဟာရဖွံ့ဖြိုးရေး ကိုယ်လက်လှုပ်ရှားမှု အားကစားဆောင်ရွက်မှု ပုံမှန်ပြုလုပ်ရေးတွေကိုပြုလုပ်စေခြင်းကြောင့် ရော ဂါပိုးကာကွယ်နိုင်စွမ်းနဲ့ခုခံနိုင်စွမ်းတွေ တိုးမြှင့်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်(၁၉)ရော ဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်း မာရေးစနစ်ခိုင်မာစေရေးလုပ်ငန်းများအား ပူး ပေါင်းဆောင်ရွက်သွားမည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here