ဒုတိယအကြိမ်မြောက် အနဂ္ဃရတနာမြေ-မြောက်ဦး ဓာတ်ပုံပြပွဲကျင်းပ

0
158

ဒုတိယအကြိမ်မြောက် အနဂ္ဃရတနာမြေ-မြောက်ဦး ဓာတ်ပုံပြပွဲကျင်းပ

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အကြိုလှုပ်ရှားမှုအဖြစ် ဒုတိယအကြိမ်မြောက်အဖြစ် အနဂ္ဃရတနာမြေ-မြောက်ဦး ဓာတ်ပုံပြပွဲအား မေ ၁၄ ရက်မှစတင်၍ ကျင်းပလျက်ရှိသည်။

မြောက်ဦးမြို့၊သျှစ်သောင်းပုထိုးတော်ကြီးအနီးရှိ အံတော်သိမ်ပုထိုးတော်ကြီး၌ မေ ၁၄ ရက်မှ ၁၆ ရက်အထိ ၃ ရက်တိုင် နေ့စဥ်နံနက် ၈ နာရီခွဲမှညနေ ၅ နာရီအထိဖွင့်လှစ်ပြသလျက်ရှိသည်။

ဓာတ်ပုံပြပွဲတွင် မြောက်ဦးရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ စေတီပုထိုးများ၏ ကြီးကျယ်ခမ်းနားထည်ဝါမှုများနှင့်အနုပညာလက်ရာများ၊လူနေမှုဘဝများ၊ပွဲတော်များ၊မြောက်ဦးဒေသ အလေ့အ ထရှုခင်းများပါဝင်သည့် ဓာတ်ပုံများအားခင်းကျင်းပြသထားသည်။

အလားတူ သျှစ်သောင်းပုထိုးတော်ကြီးပွဲတော်အား လောင်း(လှေ)ပြိုင်ပွဲများ၊ကျင်ပွဲများ၊ရှိုးပွဲများ၊ဇာတ်ပွဲများဖြင့် ကျင်းပလျက်ရှိကာ အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးများ၊ပွဲကြည့်ပရိတ်သတ်များဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံပြပွဲ၏ ပထမနေ့တွင် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊တာဝန်ရှိသူများ၊ရခိုင် ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ဓါတ်ပုံပညာရှင်များနှင့်စိတ်ပါဝင်စားသူများမှလာရောက်ကြည့်ရှု့ခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here