ချမ်းအေးသာစံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး

0
93

ချမ်းအေးသာစံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး


မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၈လမ်း၊၈၇လမ်းနှင့်၈၈လမ်းကြားတွင် မေလ၁၅ရက်နေ့ နံနက်၈နာရီ၄၀မိနစ်ခန့်က ပျော်/နောက်ရပ်ကွက်ရာအိမ်မှူးတစ်ဦးသည် အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“၃၅လမ်းပေါ်မှာ စက်ဘီးစီးလာတဲ့ အသက်ကြီးကြီးအမျိုးသားတစ်ယောက်ကို သူ့ရဲ့နောက်က ဆိုင်ကယ်နဲ့လိုက်လာတဲ့ ကောင်လေးနှစ်ယောက်က သေနတ်နဲ့ သုံးချက်လောက်ပစ်သွားတာ။ပစ်ခံရတဲ့နေရာမှာတင် သေသွားပါတယ်။ပစ်ခံရပြီး ခဏနေတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး လမ်းပိတ်စစ်ဆေးရေးတွေလုပ်နေတာ တွေ့ရပါတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၁၅ရက်နေ့နံနက်၈နာရီ၄၀မိနစ်အချိန်ခန့်က ဦးကြည်လင်းအသက် ၆၂ နှစ်(ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ အကွက်(၂၈၇)၊ ရာအိမ်မှူးသည် နံနက်စာစားပြီး ၃၅လမ်းအတိုင်း အရှေ့မှ အနောက်သို့ စက်ဘီးစီးလာစဉ် ၎င်း၏ နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ပါလာသော အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်၍ ၃၅လမ်းအတိုင်း အနောက်ဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း၊သေနတ်ဖြင့် ပစ်ခံရသူ ဦးကြည်လင်းသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သောကြောင့် မဏိစလလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့်ပစ္စတိုကျည်(အမျိုးအစား- စိစစ်ဆဲ)ကျည်ခွံ(၂)ခု၊ ကျည်ထိပ်ဖူး(၁)ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here