မီးဘေးသင့် ကျောက်တော်တိုက်ပွဲရှောင်စခန်းသို့ UNHCRကူညီမှုများပြုလုပ်

0
271

မီးဘေးသင့် ကျောက်တော်တိုက်ပွဲရှောင်စခန်းသို့ UNHCRကူညီမှုများပြုလုပ်

ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိနေရပ်စွန့်ခွာစခန်းအတွင်းမှာ မီးကြွင်းမီးကျန်ကနေတင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခိုလှုံရာနေအိမ်အလုံး ၂၆၀ကျော်ပျက်စီးဆုံးရှုံးခဲ့ရတာနဲ့ ပတ်သတ်ပြီး မီးသင့်ပြည်သူတွေကို UNHCRက ကူညီမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၉)ရက်နေ့ မနက်အစောပိုင်းက ကျောက်တော်မဟာမုနိ တိုက်ပွဲရှောင်စခန်းမီးလောင်မှုကြောင့် လူပေါင်း (၁၀၇၃)ဦး မီးဘေးသင့်ခဲ့ရတာပါ။

UNHCRမြန်မာက မီးဘေးသင့်မိသားစုများအတွက် ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းစုံများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစုံများ၊ ဆိုလာမီးအိမ်နဲ့ တာေ ါ်လင်စတွေစတဲ့ အရေးပေါ်ကယ်ဆယ်ပစ္စည်းတွေ ပံ့ပိုးကူညီပေးအပ်ခဲ့တယ်လို့ UNHCRဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရဘက်ကလည်း ကူညီထောက်ပံ့မှုတွေအနေနဲ့ လူတစ်ဦးစီအတွက် ဆန် ၊ဆီ ၊ဆား၊ ငပိ တစ်ပါတ်စာ ထောက်ပံ့ပေးထားသလို၊ ဘေးစီမံဌာနကလည်း အိမ်ထောင်စု တစ်စုချင်းအလိုက် ပစ္စည်း (၁၃)မျိုးပါ Family Kit (၂၆၂) ပုံးနဲ့ တာပေါ်လင် (၆×၁၈)ပေ အစပေါင်း (၂၆၂)စ လတ်တလော ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

UNHCRမြန်မာအနေနဲ့ကတော့ အရေးပေါ်တုံ့ပြန်ကူညီဆောင်ရွက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းအသီးသီးနဲ့ အ နီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here