မြန်မာ-ထိုင်း နယ်စပ်ဒေသကူးစက်ရောဂါများအားစောင့်ကြပ်ကြည့်ရှု့၍ သတင်းအချက်အလက်များဖလှယ်သွားမည်

0
211

မြန်မာ-ထိုင်း နယ်စပ်ဒေသကူးစက်ရောဂါများအားစောင့်ကြပ်ကြည့်ရှု့၍ သတင်းအချက်အလက်များဖလှယ်သွားမည်

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ထိုင်းနိုင်ငံ ဒု-ဝန်ကြီး ချုပ်နှင့်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Anutin Charnvirakul အားလက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်(၁၉)တတိယလှိုင်းအ တွင်းက အောက်ဆီဂျင်အခက်အခဲဖြစ်နေချိန်မှာ နယ်စပ်ကတစ်ဆင့် Liquid Oxygen နဲ့ Oxygen Tanks တွေရဖို့ကူညီဆောင်ရွက်ပေးခဲ့တာ နောက် ပြီး ကာကွယ်ဆေး AstraZeneca ၁ သန်း Doses လှူဒါန်းမှုနဲ့ RT PCR ဓါတ်ခွဲပစ္စည်းတွေကို အမျိုး သားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို လှူဒါန်းပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါ အလွန်၌နှစ်နိုင်ငံပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ နယ်စပ်ဒေသများတွင်လည်း ကူးစက်ရောဂါများစောင့် ကြပ်ကြည့်ရှုခြင်းနှင့်သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ ကျန်းမာရေး၊လူ့စွမ်းအား၊အရင်းအ မြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးလုပ်ငန်းစဉ်များအား ပြည်သူများ ငွေကြေးကုန်ကျမှုသက်သာစေရန် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများအား လေ့လာနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား များအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံပေးနေပြီး မြန်မာနိုင်ငံသို့ ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးများ ထပ်မံလှူဒါန်းသွားမည်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here