CB ဘဏ်၏ ရှမ်းနှင့်ချင်းပြည်နယ်တို့ရှိ ဘဏ်ခွဲအားလုံး၌ တိုကင်ယူရန်မလိုဘဲငွေသားထုတ်ယူနိုင်ပြီဖြစ်

0
147

CB ဘဏ်၏ ရှမ်းနှင့်ချင်းပြည်နယ်တို့ရှိ ဘဏ်ခွဲအားလုံး၌ တိုကင်ယူရန်မလိုဘဲငွေသားထုတ်ယူနိုင်ပြီဖြစ်

CB ဘဏ်မှ ကြိုတင်တိုကင်ယူရန်မလိုဘဲငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများအား အပတ်စဥ်တိုးချဲ့လျက်ရှိသည်။

ထိုသို့ တိုးချဲ့လျက်ရှိရာ ရှမ်းပြည်နယ်ရှိဘဏ်ခွဲအားလုံးနှင့်ချင်းပြည်နယ်ရှိ ဘဏ်ခွဲအားလုံးတို့တွင် Individual Old Account များမှငွေသားများအား ကြိုတင်တိုကင်ယူရန်မလိုဘဲ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

“လတ်တလောသိထားတဲ့အနေအထားက တိုကင်ယူစရာမလိုဘူးဆိုတော့ ဘဏ်ရောက်တာနဲ့ကိုယ့်အလှည့်ရောက်ပြီဆိုရင် ငွေထုတ်နိုင်ပြီပေါ့ ဘယ် လောက်ပမာဏထုတ်ပေးမလဲဆိုတာကိုတော့ စုံ စမ်းကြည့်ရအုံးမယ်”ဟုရှမ်းပြည်နယ်မှလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့ပြင် မန္တလေးတိုင်းမှ ဘဏ်ခွဲ ၂၁ ခုတို့တွင်လည်း ကြိုတင်တိုကင်ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ကြောင်း CB Bank မှအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here