နစက ၏ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ် ငန်းစဉ်များ ကြိုဆိုထောက်ခံပွဲလူစုနေချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
164

နစက ၏ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ် ငန်းစဉ်များ ကြိုဆိုထောက်ခံပွဲလူစုနေချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

နစက ၏ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ကြိုဆိုထောက်ခံခြင်းနှင့်ပြည်ပစွက်ဖက်နှောက်ယှက်မှုများဆန့်ကျင်ရှုတ်ချပွဲအား မေ ၁၆ ရက်နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ဥပ္ပါတသန္တိစေတီတော်ရှေ့ရှိ တပေါင်းကွင်း၌ပြု လုပ်ခဲ့သည်။

ထိုသို့ ထောက်ခံပွဲပွဲပြုလုပ်ရန် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်ရုံးရှေ့၌ လူစုနေချိန် နံနက် ၇ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဗုံး ၂ လုံးက တစ်လုံးနဲ့တစ်လုံး မိနစ်ပိုင်းလောက်ပဲခြားပြီးပေါက်တာ ထောက်ခံပွဲအတွက် လူစုနေတဲ့အချိန်ပေါက်ကွဲတာပါ အသံကတော့အကျယ်ကြီးပဲ လူထိခိုက်မှုရှိ မရှိတော့ သေချာမသိဘူးလုံခြုံရေးအဖွဲ့တွေရောက်လာပြီးစစ်ခဲ့ကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား လုံခြုံရေးအ ဖွဲ့ဝင်များက ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသမီးရေး ရာအဖွဲ့ချုပ်ရုံးရှေ့ရှိလမ်းမကြီးအား ယာယီပိတ်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here