ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား၇၀ထပ်မံအဖမ်းခံရပြန်

0
346

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား၇၀ထပ်မံအဖမ်းခံရပြန်

ထိုင်းနိုင်ငံတာ့ခ်ခရိုင်မှာ အလုပ်သမားသယ်ယူပို့ဆောင်ရေးယာဉ်သုံးစီးနှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား (၇၀) ဦး ထပ်မံဖမ်းဆီးမိကြောင်း ရွေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စဖော်ပြရေးသားသည့် Migrant Times ကဖော်ပြသည်။

တာ့ခ်ခရိုင်အာဏာပိုင်များက ဖုပ်ဖရာ့မြို့၊ ခီလီရတ်ကျေးရွာ၊ မြန်မာ-ထိုင်းနယ်စပ်ရွာဖြစ်သည့် လမောင်ရွာအနီးအနား ၂၀၂၂ ခုနှစ်၊ မေလ၁၃ရက်က ကင်းလှည့်စဉ် မယုံသင်္ကာဖွယ်ရှိသည့် လူတစ်အုပ်စုနှင့် ကားသုံးစီး ရပ်နားထားခြင်းကို မြင်တွေ့ပြီး ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာမှတဆင့်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လုပ်သားများသည် ထိုင်းရဲများကိုမြင်၍ တောထဲထွက်ပြေးခဲ့ကြသေးပြီး ထိုင်းအာဏာပိုင်များက လူစုခွဲ၍ လိုက်လံရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ရာ တရားမဝင်မြန်မာအလုပ်သမား ကျား (၄၂) ဦး၊ မ (၂၈) ဦး စုစုပေါင်း (၇၀) ဦးတို့ကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

မေလ၊ ၁၄ ရက်ကလည်း အယုဒ္ဓယခရိုင်အဝေးပြေးလမ်း အန်ထောင်ခရိုင်လမ်းနှင့် စင်ဘူရီခရိုင်နယ်စပ်လမ်းတွင်လည်း ကားသုံးစီးနှင့် ထိုင်းကားမောင်းသမားအပါဝင် အထောက်အထားမဲ့မြန်မာအလုပ်သမား (၈၉) ဦးကိုတစ်ကြိမ်ဖမ်းဆီးမိခဲ့သေးသည်ဟုသိရသည်။

ထိုစဉ်က ထိုင်းအာဏာပိုင်တို့က ထိုင်းကားသမားတစ်ဦးအား စစ်ဆေးမေးမြန်းရာတွင် ထိုကားသမားတို့သည် ချင်းမိုင်ခရိုင်မှ အလုပ်သမားတို့ကိုသွားခေါ်ဆောင်လာပြီး ဘန်ကောက်မြို့သို့ပို့ဆောင်ပေးခ တစ်ခေါက်လျှင် ဘတ် (၁၂,၀၀၀) ရရှိပြီး အလားတူ ကားမောင်းသမားတစ်ဦးက အလုပ်သမားများကို တာ့ခ်ခရိုင်မှာသွားခေါ်ဆောင်လာပြီး စုဖန်ဘူရီခရိုင်သို့ ပို့ဆောင်ပေးရေးခ တစ်ခေါက်ကို ဘတ် (၁၂,၀၀၀) ရရှိကြောင်းထွက်ဆိုသည့်အပြင် ထိုနည်းသကဲ့သို့ (၆ မှ ၇) ကြိမ်ခန့် လုပ်ဆောင်ခဲ့ဖူးကြောင်း အာဏာပိုင်တို့ထံ ထွက်ဆိုပြောကြားခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here