ကာကွယ်ဆေးမထိုးထားသော ခရီးသွားများအတွက် ကွာရန်တင်းစနစ် မရုတ်သိမ်းပေး ဟုက‌မ္ဘောဒီးယားဆို

0
135

ကာကွယ်ဆေးမထိုးထားသော ခရီးသွားများအတွက် ကွာရန်တင်းစနစ် မရုတ်သိမ်းပေး ဟုက‌မ္ဘောဒီးယားဆို

ခမာတိုင်းမ်၊ ​မေ ၁၇

ကမ္ဘောဒီးယားအနေဖြင့် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသော ခရီးသွားများအတွက် ကွာရန်တင်းနေရသည့်စည်းမျဉ်းကိုမရုတ်သိမ်းပေးနိုင်ကြောင်း က‌မ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ကဆိုသည်။

ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ကြီး မစ္စတာ သွန်ခွန်(Thong Khon) မှ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသော ခရီးသွားများအတွက် ကွာရန်တင်း နေသည့်စနစ်ကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ဝန်ကြီးချုပ် ဟွန်ဆန်ကငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့်လူတိုင်းနီးပါးကာကွယ်ဆေးထိုးနှံရန်တိုက်တွန်းနေချိန်တွင် ဆေးမထိုးထားသူများအား ကွာရန်တင်းစနစ်ဖျက်သိမ်းပေးလိုက်ပါက ဆေးထိုးခြင်းမထိုးခြင်းကအရေးမကြီးပါဘူးဟု ယူဆသွားနိုင်သောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ကွာရန်တင်းဝင်သည့်စနစ်ကို လုံးဝဖျက်သိမ်းမပေးနိုင်သော်လည်း ကွာရန်တင်းကာလကိုယခင် ၁၄ ရက်မှ ယခု ၇ ရက်သို့လျှော့ချပေးထားပြီဖြစ်သဖြင့်လုံးဝဖျက်သိမ်းမပေးနိုင်ခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်ကဆိုသည်။

Source: Khmertime


LEAVE A REPLY

Please enter your comment!
Please enter your name here