မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုအား ဘိလိယက်အားကစားသမားဦးပေါက်စမှထပ်မံရယူပေးခဲ့

0
169

မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုအား ဘိလိယက်အားကစားသမားဦးပေါက်စမှထပ်မံရယူပေးခဲ့

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန် မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုအား ဘိ လိယက်အားကစားသမားဦးပေါက်စမှ မေ ၁၇ ရက်(ယနေ့)တွင် ထပ်မံရယူပေးခဲ့သည်။

ဘိလိယက်နှင့်စနူကာအားကစားနည်းပြိုင်ပွဲ၏ ပွဲစဉ်များအား မေ ၁၄ ရက်မှ ၂၂ ရက်အထိကျင်းပလျက်ရှိရာ ပြိုင်ပွဲ ၄ ရက်မြောက်နေ့၌ ရွှေတံဆိပ်ဆုရယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာဘိလိယက်အားကစားသမားဦးပေါက်စသည် အင်္ဂလိပ်ဘိလိယက်အားကစားပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် နာမည်ကြီးစင်ကာပူဘိလိယက်အားကစားသမား Peter Gilchrist အား ၃ ပွဲ ၁ ရလဒ်ဖြင့်ပွဲဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

Photo-WE Sport
ပုံစာ-မြန်မာဘိလိယက်အားကစားသမားဦးပေါက်စ


LEAVE A REPLY

Please enter your comment!
Please enter your name here