ရန်ကုန် သမိုင်းလမ်းဆုံရှိ လုံခြုံရေးကင်းတဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

0
161

ရန်ကုန် သမိုင်းလမ်းဆုံရှိ လုံခြုံရေးကင်းတဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံအနီးရှိ လုံခြုံရေးကင်းတဲအနီးတွင် မေ ၁၇ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သမိုင်းလမ်းဆုံအနီးနေသူများထံမှ သိရသည်။

သမိုင်းလမ်းဆုံရှိ လုံခြုံရေးအဖွဲ့ဝင်များရှိသည့် လုံခြုံရေးကင်းတဲအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ကာ သေနတ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေနတ်သံတွေကတော့အများကြီးပဲကြားရတယ် ကျွန်တော်တို့လည်းကြောက်တော့အပြင်မထွက်ရဲဘူး ဗုံးပေါက်သံလည်းကြားရတယ် ဖြစ်သွားတာကသိပ်အကြာကြီးမဟုတ်ဘူး မိနစ်ပိုင်းလောက်ပဲ ခနနေတော့ဆေးရုံကားလာတဲ့အသံတွေကြားတယ်”ဟု သမိုင်းလမ်းဆုံအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် လူနာတင်ကားများရောက်ရှိလာကာ ထိခိုက်ဒဏ်ရာရရှိသူများအား တင်ဆောင်သွားခဲ့သည်ဟု သိရသည်။

“ဒဏ်ရာရတဲ့လူတွေတော့ရှိတယ် ဘယ်နှစ်ယောက်လောက်ဆိုတာတော့သေချာမသိဘူး”ဟု သမိုင်းလမ်းဆုံအနီးနေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ သမိုင်းလမ်းဆုံနှင့်အင်းစိန်လမ်းဘက်ခြမ်းအား ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ဆက်စပ်နေသည့် လမ်းများကိုလည်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here