အလုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးလှမိုး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
208

အလုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးလှမိုး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊အလုံမြို့နယ်၊ဆင်မင်းရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးလှမိုးသည် မေ ၁၇ ရက် (ယနေ့)ညနေ ၄ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးလှမိုးအား အမည်မသိအမျိုးသားတစ်ဦးက အလုံလမ်းနှင့်သိပ္ပံလမ်းထောင့်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးလှမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ကားဖြင့် ဆေး ရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

“သေမသေဆိုတာကိုတော့ အတိအကျမသိဘူး ပစ်ခံရတာကတော့ ကျွန်တော်တို့နဲ့မလှမ်းမကမ်းမှာဖြစ်သွားတာဖြစ်တဲ့အတွက် ပစ်ခံရတာမှန်တယ် ဆေးရုံကားပေါ်တင်ခေါ်သွားကြတာတွေ့တယ် အုပ်ချုပ်ရေးမှူးကိုပစ်တဲ့လူကတော့ ပစ်ပြီးပြီးချင်းထွက်ပြေးသွားတယ်”ဟု ဆင်မင်းရပ် ကွက်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်နေရာ၊အနီးပတ်ဝန်းကျင်၊ကမ်းနားလမ်းနှင့်အလုံလမ်းတစ်လျှောက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here