မန္တလေးမြို့တွင် မေလမှစတင်၍ အွန်လိုင်းမှတဆင့် မီတာခများပေးဆောင်နိုင်ပြီဖြစ်

0
208

မန္တလေးမြို့တွင် မေလမှစတင်၍ အွန်လိုင်းမှတဆင့် မီတာခများပေးဆောင်နိုင်ပြီဖြစ်

မန္တလေးမြို့တွင် မေလမှစတင်၍ လျှပ်စစ်ဓာတ်အားသုံးစွဲခ မီတာခများအား အွန်လိုင်း appalication ဖြင့်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သုံးစွဲနေသူများထံမှ သိရသည်။

အဆိုပါ appalication အား မန္တ​လေးလျှပ်စစ်ဓါတ် အား​ပေးကော်ပို​ရေးရှင်းနှင့် Myanmar mobile money service company တို့ ပူး​ပေါင်း​ဆောင် ရွက်ခြင်းဖြစ်ကာ မီတာခဆောင်ရန်အခက်အခဲရှိသူများ အလွယ်တကူပေးဆောင်နိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MMM easy pay appalication ဖြင့်မီတာခများပေးဆောင်ရာတွင် ဝန်ဆောင်ခအဖြစ် ငွေကျပ် ၁၀၀ သာပေးချေရကြောင်း appalication အသုံး ပြု၍ မီတာခပေးဆောင်နေသူများထံမှ သိရသည်။

“အရင်ကဆိုရင် မီတာခဆောင်ဖို့ တစ်ယောက်ကသွားတန်းစီပြီး သွင်းရတယ် အခုကြတော့ ဖုန်းထဲကနေ ကျသင့်တဲ့မီတာခကို မပင်မပန်းပဲပေးလို့ရသွားပြီ ဝန်ဆောင်ခကလည်း ၁၀၀ ပဲပေးရတော့ အချိန်ကုန် လူပင်ပန်းတာထက်ပိုပြီးသက်သာသွားတာပေါ့”မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းကပြောသည်။

အဆိုပါ MMM easy pay appalication အသုံးပြု ၍ မီတာခများပေးဆောင်နိုင်ရန် လျှပ်စစ်ရုံးဝန် ထမ်းများမှ လက်ကမ်းစာ​စောင် များ​ဖြန့်​ဝေခြင်း၊ရှင်းလင်းပြသခြင်းတို့အား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here