Online မှလျှောက်ထားနိုင်သည့် e-Visa (Tourist)အား မေ ၂၀ ရက်မှစ၍တိုးမြှင့်ခွင့်ပြုသွားမည်

0
248
Online မှလျှောက်ထားနိုင်သည့် e-Visa (Tourist)အား မေ ၂၀ ရက်မှစ၍တိုးမြှင့်ခွင့်ပြုသွားမည်
နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့်ဟန်ချက်ညီဆောင်ရွက်သွားရန် ရည် ရွယ်၍ e-Visa(Tourist)စနစ်အားတိုးမြှင့်ခွင့်ပြုသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် e-Visa(Tourist)လျှောက်ထားမှုများအား မေ ၂၀ ရက်မှစ၍ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ လျှောက်ထားရာတွင် လိုအပ်သည့် သတ် မှတ်ချက်များအား ဝန်ကြီးဌာန၏ Website လိပ် စာ https://evisa.moip.gov.mm တွင်ကြည့်ရှု့၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူလုပ် ငန်းရှင်များ အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရန် Online e-Visa(Business)လျှောက်ထားမှုအား ဧပြီ ၁ ရက်မှစ၍ ပြန်လည်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ နိုင်ငံတကာလေကြောင်းလိုင်းခရီးစဥ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်(၁၉) ရောဂါကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here