ထားဝယ်မြို့နယ်ထွေအုပ်စာရေး ဦးဝေစိုး သေနတ်ဖြင့်ပစ်သတ်ခံရ

0
118

ထားဝယ်မြို့နယ်ထွေအုပ်စာရေး ဦးဝေစိုး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၏ မြို့နယ်ထွေအုပ်စာရေးနှင့် USDP ပါတီဝင်ဖြစ်သည့် ဦးဝေစိုး သည် မေ ၁၇ ရက်ညနေ ၄ နာရီကျော်ခန့်က သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးဝေစိုးသည် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့သို့ သွားရောက်ပြီးပြန်လာစဥ် လောင်းလုံးမြို့နယ်၏ တောင်မင်းပြောင်ကျေးရွာနှင့်ခမောင်းတောင်ကျေးရွာကြားရှိ လယ်ကွင်း၌ အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

“သေသွားတဲ့လူရဲ့အလောင်းကို ကြက်ခြေနီအဖွဲ့တွေက လာတင်သွားတာကိုတွေ့တယ် လယ်ကွင်းထဲမှာပစ်ခံလိုက်ရတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဝေစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးဝေစိုး၏ ရုပ်အလောင်းအား ထားဝယ်မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များက လာရောက်သယ်ဆောင်၍ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဦးဝေစိုးအား လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Dawei Guerrilla Revolution Force (DGRF)တို့မှ ပူးပေါင်း၍ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here