ဆီးဂိမ်း(စ်) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲအဖြစ် ယနေ့ည ၆ နာရီခွဲ၌ အိမ် ရှင်ဗီယက်နမ်အသင်းနှင့်ကစားရမည်

0
414

ဆီးဂိမ်း(စ်) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲအဖြစ် ယနေ့ည ၆ နာရီခွဲ၌ အိမ် ရှင်ဗီယက်နမ်အသင်းနှင့်ကစားရမည်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဥ်များအား မေ ၁၈ ရက်(ယနေ့)တွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အကြိုဗိုလ်လုပွဲစဥ်များအဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းတို့သည် မြန်မာစံတော်ချိန် ည ၆ နာရီခွဲမှစတင်ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုတွင်းပြိုင်ပွဲများ၌ လာအိုအမျိုးသမီးအသင်းနှင့်စင်ကာပူအမျိုးသမီးအသင်းတို့အား အနိုင်ရရှိခဲ့ပြီး ထိုင်းအမျိုးသမီးအသင်းနှင့် သရေရလဒ်ဖြစ်ပေါ်ခဲ့ပြီး ရမှတ် ၇ မှတ်ရရှိခဲ့သည်။

“ဗီယက်နမ်အသင်းက အိမ်ရှင်အသင်းဖြစ်သလို လက်ရှိချန်ပီယံအသင်းလည်းဖြစ်တော့ မြန်မာအသင်းက အုပ်စုပွဲတွေထက်ပိုကြိုးစားပြီး ကစားမှရလိမ့်မယ် ဗီယက်နမ်အသင်းကို မာမာထန်ထန်နဲ့ယှဥ်ကစားနိုင်ရင် ရလဒ်ကောင်းဖြစ်ပေါ်နိုင်မှာပါ အိမ်ရှင်အားသာချက်ကလည်း သူတို့ဘက်ကရှိနေတော့ ရုန်းကန်ရဖို့တော့များတယ်”ဟုဘောလုံးဝါသနာရှင် ဦးမြင့်ဆွေကပြောသည်။

အလားတူ ထိုင်းအမျိုးသမီးအသင်းနှင့်ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့မှာလည်း အကြိုဗိုလ်လုပွဲစဥ်အဖြစ် နေ့လည် ၃ နာရီခွဲ၌ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here