တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ အမိုးအကာအခင်းနှင့်ဆေးဝါးပစ္စည်းများအရေးပေါ်လိုအပ်နေ

0
455

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ အမိုးအကာအခင်းနှင့်ဆေးဝါးပစ္စည်းများအရေးပေါ်လိုအပ်နေ

တနင်္သာရီတိုင်းအတွင်း၌ တိုက်ပွဲဖြစ်ပွားနေမှုများရှိနေသဖြင့် နေအိမ်များအားစွန့်ခွာတိမ်းရှောင်နေရသူများနေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာအခင်းနှင့်ဆေးဝါးပစ္စည်းများအ ရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီ သူများထံမှ သိရသည်။

“မုန်တိုင်းအရှိန်ကြောင့် မိုးအရမ်းရွာခဲ့တာရယ် မိုးရာသီရောက်ခါနီးပြီရယ်ဆိုတော့ သူတို့အတွက်လုံလုံခြုံခြုံနေနိုင်ဖို့အရေးကြီးလာတယ် မုန်တိုင်းကြောင့်မိုးရွာတုန်းက အမိုးအကာမပြည့်စုံ အခင်းမပြည့်စုံတော့ အကုန်မိုးရေထဲမှာနေရတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

မိုးရာသီရောက်လာပါက စစ်ဘေးရှောင်နေထိုင်သူများနေထိုင်သည့် စခန်းများတွင်ဆောက်လုပ်ထားသည့် ယာယီတဲများသည် အမိုးအကာများအခင်းများ ထပ်မံဖြည့်တင်း၍ လုံခြုံစွာထပ်မံဆောက်လုပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

“မုန်တိုင်းကြောင့်ရွာတဲ့မိုးက မိုးရာသီနဲ့ဆက်သွားမယ့်အခြေအနေရှိနေတော့ လိုအပ်တာတွေအမြန်ဖြည့်ဖို့ အကူအညီတွေလိုနေတာပေါ့ မိုးရွာတာများလာရင် ယာယီတဲတွေကမလုံတဲ့အတွက် မိုးမိပြီးဖျားနာတာတွေလည်းဖြစ်လာမယ် အဲဒီအတွက်လည်း အများကြီးစဥ်းစားပြီးလုပ်နေရတယ် “ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

မုန်တိုင်းမိုးရွာသွန်းချိန်၌ စစ်ဘေးရှောင်စခန်းများ ၌နေထိုင်သူများအနက် သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များတွင် ဖျားနာမှုများနှင့်ဝမ်းပျက်ဝမ်းလျောရောဂါများဖြစ်ပွားခဲ့ရသည်ဟု သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ရေဖြူ၊သ ရက်ချောင်း၊ပုလော၊မြိတ်၊တနင်္သာရီ မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်ခိုလှုံလျက်ရှိကြောင်း သိရသည်။

“ဆေးဝါးတွေအရေးတကြီးလိုတယ်ဆိုတာက အဲ ဒီဒေသဖက်တွေမှာ မိုးတွင်းအခါဆိုရင် ဌက်ဖျားဖြစ်တာများတယ် အဲဒီအတွက်လည်းကြိုပြီးစဥ်းစားလုပ်ပေးနေရတယ် ရသလောက်အကူအညီတွေလည်း ပြောထားပြီးပါပြီ”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

မိုးရာသီအချိန်တွင် လမ်းပန်းဆက်သွယ်ရေးခက် ခဲသဖြင့် လိုအပ်သည့် အမိုးအကာအခင်းနှင့်ဆေး ဝါးပစ္စည်းများအား စစ်ဘေးရှောင်စခန်းများ၌ အ လုံအလောက်ဖြည့်တင်းထားနိုင်ရန် စစ်ဘေးရှောင်ကူညီသူများမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here