အိန္ဒိယနယ်စပ်အနီးတွင် တရုတ်ဘက်မှ တံတားကြီးတစ်စင်း တည်ဆောက်နေ

0
177

အိန္ဒိယနယ်စပ်အနီးတွင် တရုတ်ဘက်မှ တံတားကြီးတစ်စင်း တည်ဆောက်နေ

နယူးဒေလီ၊မေ ၁၈
အိန္ဒိယနယ်နိမိတ်၊ မြောက်ပိုင်း လာဒက်အနီးတွင် တရုတ်ဘက်မှ တံတားတည်ဆောက်နေသော ဂြိုလ်တုဓာတ်ပုံများထွက်​ပေါ်လာသည်။

လာဒက် ဒေသနှင့် တိဗက်ဒေသ နားရှိ Pangong Tso ရေကန်အနီးတွင် တံတားကြီးတစ်စင်း​ဆောက်လုပ်နေသည်ကို ပုံတွင်​တွေ့ရသည်။

The Print ၏ အစီရင်ခံစာအရ ၎င်းသည် Pangong Tso ပိုင်နက်နယ်မြေပေါ်တွင် တရုတ်နိုင်ငံမှ တည်ဆောက်နေသည့် ဒုတိယမြောက် တံတားဖြစ်ကြောင်းဖော်ပြထားသည်။

ပထမတံတားကို ၂၀၂၁ နှစ်ကုန်တွင်​ဆောက်ခဲ့ရာ ဧပြီတွင်ပြီးစီးခဲ့သည်။၄င်းတံတားအား ပစ္စည်းသယ်​ထောက်ကူ ဝန်​ဆောင်မူတံတားအဖြစ်သုံးကာ ဒုတိယတံတားကို ဆက်​ဆောက်​နေခြင်းဖြစ်သည်။

ဒုတိယ တံတားသစ်ကို လွန်ခဲ့သော ၃ ပတ်က​ဆောက်​နေ​ကြောင်းဆိုသည်။
အိန္ဒိယ၊တရုတ် နယ်နမိတ်ကြား တင်းမာသည့်အ​ခြေ​နေတွင် ယခုကဲ့သို့ ​ဆောက်လုပ်​နေခြင်းမှာ စစ်ယာဥ်တန်းများ အသုံးပြုရန်အတွက်လားဟု​​မေးခွန်းထုတ်စရာဖြစ်နေသည်။

Source : Wionews


LEAVE A REPLY

Please enter your comment!
Please enter your name here