လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၉ သန်း သေဆုံး

0
349

လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၉ သန်း သေဆုံး

လေထုညစ်ညမ်းမှုဟာ ငှက်ဖျားရောဂါ၊ HIV၊ တီဘီရောဂါ၊ မူးယစ်ဆေးဝါး၊ စစ်ပွဲ၊ အကြမ်းဖက်မှု၊အရက်သေစာ တွေထက် ပိုပြီး အသက်တိုစေပါတယ်။

၂၀၁၉ အတွင်း လေထုညစ်ညမ်းခြင်းကြောင့် အချိန်မတန်ဘဲ သေဆုံးသူဦးရေ ၉သန်းခန့် ရှိကြောင်း Lancet Planetary Health မှ ​မေ ၁၇ ရက်အင်္ဂါနေ့ က ထုတ်ပြန်ထားပါတယ်။

အမေရိကန်အတွင်း စွမ်းအင်နှင့်ပတ်သက်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုအားလုံး ဖယ်ရှားပစ်ပါက နိုင်ငံအတွင်း တစ်နှစ်လျှင် အရွယ်မရောက်ဘဲ သေဆုံးသူ ၅၃,၀၀၀ လောက် ကို ကာကွယ်နိုင်မယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။

လေထုညစ်ညမ်းခြင်းကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဝင်ငွေနည်းတဲ့ အလယ်အလတ်နိုင်ငံများ မှဖြစ်ကြောင်း သိရှိရပါတယ်။

၂၀၁၉ ခုနှစ် လေထုညစ်ညမ်းမှုကြောင့် လူသေအများဆုံးနိုင်ငံတွေမှာ အိန္ဒိယ၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှား တို့ဖြစ်ပါတယ်။

မော်တော်ကားများ၊ ဓာတ်အားပေးစက်ရုံများနှင့် ကောက်ပဲသီးနှံမီးရှို့ခြင်းကဲ့သို့သော လေထုညစ်ညမ်းမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် သေဆုံးသူပေါင်း ၆.၅ သန်းကျော်ထိ ရှိလာခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဟာ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ အဆုတ်ကင်ဆာ၊ တီဘီရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ မွေးကင်းစ ကိုယ်အလေးချိန် နည်းပါးခြင်း များ ဖြစ်ပေါ်လာစေပြီး အရွယ်မတိုင်မီ သေဆုံးမှုများ တိုးများလာစေတာ ဖြစ်ပါတယ်။

Source : NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here