လာမည့်ငါးရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

0
260

လာမည့်ငါးရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့၌ မုတ်သုံလေအား အလွန်ကောင်းလာနိုင်ခြင်းကြောင့် လာမည့်ငါးရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

မေလ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းတာချက်များအရ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အတှငျး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများအပြင် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး၌ နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများအား ကြိုတင်သတိပြုနိုင်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here